Untitled Document
Untitled Document
Catholic Diocese of Kalay
Freely you have received, freely give (Mt. 10:8-9). it is more blessed to give than to receive (Acts 20:35)
Untitled Document

Marriage Tribunal Ministry

Marriage Tribunal Ministry

ကလေးသာသနာပိုင် ဆရာတော်ကြီးဖဲလစ်၏ အမြှော်အမြင်ကြီးမားမှူဖြင့် ကလေးသာသနာနှင့် ဟားခါးသာသနာအတွင်း၌ Marriage Tribunal Ministry ရုံးဖွင့်နိုင်ဖို့ရန်အတွက် "Jurisprudence Expert" ဖြစ်သည့် ကျိုင်းတုံသာသနာမှ Rev.Fr.Stephen Ano အား သင်​တန်းပို့ချ​ပေးပါရန်​ ဖိတ်ခေါ်ခဲ့ပါသည်​။ ဆရာ​တော်​ကြီး၏ ဖိတ်​ကြားချက်​အရ Rev. Fr. Stephen Ano သည်​ ကလေးသာသနာနှင့် ဟားခါးသာသနာရှိ ဆရာတော်ကြီးများနှင့် ဘုန်းတော်ကြီးများအား ဇန်န၀ါရီလ ၂၁ ရက်နေ့ ညနေမှ စတင်​ပြီး ၂၃ ရက်နေ့ညနေပိုင်းအထိ က​လေးမြို့ ဆရာ​တော်​​ကျောင်းတိုက်​တွင်​ သင်တန်းပေးခဲ့ပါသည်။ အဆိုပါ သင်တန်းတွင် သင်တန်းပို့ချ သူ၏ ကျွမ်းကျင်မှုအားဖြင့် သော်လည်းကောင်း၊ Topic ကိုယ်တိုင်က စိတ်​ဝင်​စားစရာ​ကောင်းတဲ့အပြင်​ ဘာသာတူများအတွက် အရေးပါပြီး လက်​ရှိ ရဟန်းမင်းကြီး၏ ရည်​ရွယ်​ချက်​အတိုင်းလုပ်​​ဆောင်​ရတာဖြစ်​တဲ့အတွက်​​ကြောင်းလည်း ဘုန်းတော်ကြီးများ စိတ်ပါဝင်စားစွာဖြင့် တက်တက်ကြွကြွပါဝင်ခဲ့ကြောင်း တွေ့ရသည်။ သင်တန်းအပြီး သင်တန်းပို့ချသူအား နှုတ်ဆက်ပွဲတွင် ကလေးနှင့်ဟားခါး သာသနာပိုင်​ဆရာ​တော်​ကြီးနှစ်​ပါးစလုံးသည်​ မိမိတို့၏သာသနာများတွင်​ အမြန်ဆုံး Marriage Tribunal Ministry ဖွင့်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။


2019-01-31 09:01:20

All News

Untitled Document copyright © Kalay Catholic Diocese, All rights reserved.
Untitled Document