ရိုးသားဖြူစင်နှလုံးသား
နွယ်နယ်ပင်ပန်း – အားကုန်ခမ်း၍
ဖေးမကူမဲ့ – မရှိချိန်ခါ
သိမ်ငယ်သူအား – ပေးကမ်းစွန့်ကြဲ
ဘုရားလူမျိုး – တရားမြတ်တော်
လူ့ဘဝရဲ့ – အသက်တာမှာ
ဤလောကဝယ် – ခေတ်ရေစီးကြောင်း
သင်၏ဘဝ – နှစ်သိမ့်ပေးလော့၊
ရိုးသားဖြူစင် – နှလုံးသားပါ။
၊မေတ္တာပိုင်ရှင် – ဖန်ဆင်းအရှင်
သစ္စာကတိ – ယုံကြည်ပြည့်နဲ့
အသစ်ကမ္ဘာ – ဆောက်တည်ရှာသော
ဘုရားလူမျိုး – အစ္စရာအဲလ်များ
သဲကန္တာရ – ကျော်ဖြတ်ကာရယ်၊
မန္နမုန့်နဲ့ – ကျောက်ထွက်စမ်းရေ
ဇာတိသွေးမြင့် – လျှောက်လှမ်းခဲ့ကာ
အောင်မြင်ဆုတ်ခိုး – ကာနန်ပြည့်ရောက်
ရိုးသားဖြူစင် – နှလုံးသားပါ ။
ခရစ်တည်ဆောက် -ကက်သလစ်အသင်းတော်
သင့်ကိုမျှော်နေ – ပျောက်သောသိုးများ
နောင်တရ၍ – ပြေးလွှာပြန်လာ
ရှောင်မနေနဲ့ – တွေ့ဖမ်းလိုက်ရှာ
သန့်ရှင်းဝိညာဉ် – ဘုရားဂုဏ်တော်
စီမံထူးဆန်း – လူဉာဏ်မမှီ
အိမ်မက်ကမ္ဘာ – ဤလောက၌
ခဏတဖြုတ် – နောင်တမျက်ရည်
ယိုကျချိန်ခါ – ကိုယ်တော့်နားမှာ
သင်ရှိနေကြောင်း – သတိရပါ
ရိုးသားဖြူစင် – နှလုံးသားပါ ။
ဆရာဘားနဒ်လျန်း

