(၁၇) ကြိမ်မြောက် မိုင်နွဲငြိမ်းချမ်းခြင်းဘုရင်မပွဲတော်ကိစ္စ


(၁၇) ကြိမ်မြောက် မိုင်နွဲငြိမ်းချမ်းခြင်းဘုရင်မပွဲတော်ကိစ္စ

၂၀၁၉-ခုနှစ်၊ အောက်တိုဘာ (၂၂) ရက်နေ့ မိုင်နွဲငြိမ်းချမ်းခြင်းဘုရင်မရင်ပြင် အစည်းအဝေးဆုံးဖြတ်ချက်များ
၁။ ကလေးသာသနာတစ်ခုလုံးဆိုင်ရာ ဇုံနယ်များအလိုက် ခွဲတမ်းချခြင်း
(က) ကလေးဇုံနယ်     ကျပ် သိန်း (၅၀)
(ခ) တီးတိန်ဇုံနယ်     ကျပ် သိန်း (၂၀)
(ဂ) ခမ်းပတ်ဇုံနယ်     ကျပ် (၁၇) သိန်း
(ဃ)တွန်းဇန်ဇုံနယ်    ကျပ် (၁၃) သိန်း
       စုစုပေါင်း     ကျပ် သိန်း (၁၀၀)

၂။ ကလေးဇုံနယ် စီရင်စုများခွဲတမ်းချခြင်း
(က) ဆရာတော်ကျောင်းတိုက်         ကျပ် (၁၀)သိန်း၊
(ခ) စိန်မေရီကယ်သီဒြယ်              ကျပ် (၁၀)သိန်း၊
(ဂ) စိန်ထရေဇား၊တာဟန်း           ကျပ် (၁၀)သိန်း၊
(ဃ) စိန်ပီတာစိန်ပေါလ်             ကျပ် (၈)သိန်း၊
(င) စိန်ဂျိုးဇက်၊ပြည်တော်သာ         ကျပ် (၅)သိန်း၊
(စ) သန့်ရှင်းသောအိမ်ထောင်စု၊ အင်ကြင်းခုံ     ကျပ် (၅) သိန်း၊
(ဆ)ရွှေနှလုံးတော်၊ လှိုင်သာယာ(ဖိုင်)           ကျပ် (၂) သိန်း၊
(ဇ) ကရုဏာရှင်ယေဇူး၊ စမ်းမြို့                        ကျပ် (၂) သိန်း၊
                                             စုစုပေါင်း      ကျပ် (၅၂) သိန်း

၃။ ၂၀၂၀-ခုနှစ်၊ (၁၇)ကြိမ်မြောက် မိုင်နွဲငြိမ်းချမ်းခြင်းဘုရင်မပွဲကို တစ်ညတည်းသာပြုလုပ် ကျင်းပရန်။
၄။ အလှူခံဖြတ်ပိုင်းပြုလုပ်၍ အောက်တိုဘာလ မကုန်ခင်ဖြန့်ဝေရန်
(ဆရာဘားနဒ် ထောင်းရှန်းလျန်းမှ တာဝန်ယူရန်)။
၅။ ဗဟိုကော်မတီမှ အလှူခံပြီး မယ်တော်ရင်ပြင်နှင့် ကွင်းပြင်မဏ္ဍပ်ဆက်ဆောက်ရန်။
၆။ Fr.Paul Pau Kim Tuang မှ မဏ္ဍပ်အနား၌ အိမ်သာ(၅)ခန်းပါ ဆောက်ရန်။
၇။ ကရုဏာတံတားနာမည်ကို “ငြိမ်းချမ်းခြင်းမယ်တော်တံတား” နာမည်ဖြင့် ပြောင်းရန်။
၈။ မယ်တော်ဆင်းတုများ၏ သမိုင်းအကျဉ်းချုပ်ကို Fr.Sebastian Phun Lian Mawi မှ တာဝန်ယူရေးသားရန်။
၉။ ၂၀၁၉-ခုနှစ်၊ဒီဖင်ဘာလ(၁၃)ရက်နေ့တွင် အစည်းအဝေးပြန်လည်ပြုလုပ်ရန်။


Sia Bernard Lian