ခရစ်တော်နှင့် ထိတွေ့ခံစားခြင်း

ခရစ်တော်နှင့် ထိတွေ့ခံစားခြင်း ခရစ်တော်နှင့်ထိတွေ့ခံစားခြင်းသည် ခရစ်တော်ကို မိမိနှလုံးသား ၌ မိမိ၏သခင် မိမိ၏ကယ်တင်ရှင် အဖြစ်လက်ခံခြင်းပင် ဖြစ်ပါသည်။ ဧဝံဂေလိသတင်းကောင်းသည် ခရစ်တော်ကို လက်ခံနိုင်ရန် အကြောင်းအရင်းပင် ဖြစ်ပါသည်။ သတင်းကောင်းကို ကြားနားပြီးသည့်နောက် ခရစ်တော်ကို လက်ခံရန် ခံစားလာစေပါသည်။ သို့ဖြစ်၍ ဘုရားရှင်သတင်းကောင်းကို ကြေညာဟောပြောခြင်း ကဏ္ဍသည် အလွန်ပင်အရေးပါသောအရာ ဖြစ်ပါသည်။ သမ္မာကျမ်းစာတော်၌ “ကိုယ်တော်အကြောင်းကို မကြားရဘဲလျက် သူတို့သည် ကိုယ်တော်၌ မည်ကဲ့သို့ ယုံကြည်နိုင်ကြမည်နည်း”(ရောမသြဝါဒ ၁၀း၁၄)ဟူ၍ ဖော်ပြထားပါသည်။ ခရစ်တော်ကို ထိတွေ့ခံစားနိုင်ရန် ကက်သလစ်သာသနာတော်နှင့် နှုတ်ကပါဌ်တော်က…








