ရှင်သန်သော ယုံကြည်ခြင်း

ရှင်သန်သော ယုံကြည်ခြင်း ယုံကြည်ခြင်းအသက်တာ၏ သက်သေသည် ကျွနု်ပ်တို့၏ လုပ်ဆောင်ခြင်းဖြစ်သည်။ ယုံကြည်ခြင်းကို လုပ်ဆောင်မှုဖြင့် သက်သေပြုရသည်။ သို့မှသာမိမိ၏ ယုံကြည်ခြင်း သည်ရှင်သန်သော ယုံကြည်ခြင်းဖြစ်ပါလိမ့်မည်။ ယုံကြည်ခြင်းသည်နှုတ်မှဖွင့်ဟရုံ သက်သက် မဟုတ်ပါ။ မိမိ၏ ယုံကြည်ခြင်းကို နှုတ်မှဖွင့်ဟရုံဖြင့် ခရစ်ယာန်များ၊ ကယ်တင်ခြင်းခံရသူများဟုကြွေးကြော် ကာ လွယ်လင့်တကူ ဟောပြောခြင်းများကို အထူးသတိပြုရန် လိုအပ်ပါသည်။ သမ္မာကျမ်းစာက “ကျင့်ကြံမှုမရှိသော ယုံကြည်ခြင်းသည် အသေဖြစ်၏” (ရှင်မာတေးဦး ၂း၁၇) ဟု ဖော်ပြထားပါသည်။ မိမိ၏ ယုံကြည်ခြင်းသည် ရှင်သန်သောယုံကြည်ခြင်းဖြစ်ဖို့ရန် လုပ်ဆောင်မှု၊ ကျင့်ကြံမှုကို တောင်းဆိုနေပါသည်။…









