ယုံကြည်ခြင်းမှ စိတ်ချစွာ ပုံအပ်ခြင်းသို့

ယုံကြည်ခြင်းမှ စိတ်ချစွာ ပုံအပ်ခြင်းသို့ လူတစ်ဦးဟာ မျှော်စင်နှစ်ခုကြားမှာ သွယ်တန်းထားတဲ့ ကြိုးပေါ်မှာ စတင်လမ်းလျှောက်ဖို့ ပြင်ဆင်နေတယ်။ သူ့ရဲ့လက်ထဲမှာ ရှည်းလျားတဲ့ တုတ်တစ်ချောင်းကို ဟန်ချက်ညီစေဖို့ ကိုင်ထားရင်းနဲ့ သူ ဖြည်းဖြည်းချင်း ခြေလှမ်း စလှမ်းပါတယ်။ သူ့ရဲ့ပခုံးပေါ်မှာလည်း သူ့ရဲ့သားလေးကို ကုန်းပိုးထားပါသေးတယ်။ အောက်ကနေ မော့ကြည်နေကြတဲ့ သူတွေဟာ အသက်တောင် ရဲရဲမရူနိုင်ဘဲ ရင်တထိတ်ထိတ်နဲ့ နေမထိထိုင်မသာ ဖြစ်နေကြတယ်။ တဖြည်းဖြည်းနဲ့ တစ်ဘက်က မျှော်စင်ကို ရောက်တဲ့အချိန်မှာ လူအားလုံးက လက်ခုပ်သြဘာပေးကြတယ်။ ကြိုဆိုဂုဏ်ပြုကြတဲ့ အသံတွေနဲ့ ဆူညံသံတွေ ပြုကြတယ်။ လက်ဆွဲနှုတ်ဆက်ပြီး…









