ရိုးသားဖြူစင်နှလုံးသား
ရိုးသားဖြူစင်နှလုံးသား
နွယ်နယ်ပင်ပန်း - အားကုန်ခမ်း၍
ဖေးမကူမဲ့ - မရှိချိန်ခါ
သိမ်ငယ်သူအား - ပေးကမ်းစွန့်ကြဲ
ဘုရားလူမျိုး - တရားမြတ်တော်
လူ့ဘဝရဲ့ - အသက်တာမှာ
ဤလောကဝယ် - ခေတ်ရေစီးကြောင်း
သင်၏ဘဝ - နှစ်သိမ့်ပေးလော့၊
ရိုးသားဖြူစင် - နှလုံးသားပါ။
၊မေတ္တာပိုင်ရှင် - ဖန်ဆင်းအရှင်
သစ္စာကတိ - ယုံကြည်ပြည့်နဲ့
အသစ်ကမ္ဘာ - ဆောက်တည်ရှာသော
ဘုရားလူမျိုး - အစ္စရာအဲလ်များ
သဲကန္တာရ - ကျော်ဖြတ်ကာရယ်၊
မန္နမုန့်နဲ့ - ကျောက်ထွက်စမ်းရေ
ဇာတိသွေးမြင့် - လျှောက်လှမ်းခဲ့ကာ
အောင်မြင်ဆုတ်ခိုး - ကာနန်ပြည့်ရောက်
ရိုးသားဖြူစင် - နှလုံးသားပါ ။
ခရစ်တည်ဆောက် -ကက်သလစ်အသင်းတော်
သင့်ကိုမျှော်နေ - ပျောက်သောသိုးများ
နောင်တရ၍ - ပြေးလွှာပြန်လာ
ရှောင်မနေနဲ့ - တွေ့ဖမ်းလိုက်ရှာ
သန့်ရှင်းဝိညာဉ် - ဘုရားဂုဏ်တော်
စီမံထူးဆန်း - လူဉာဏ်မမှီ
အိမ်မက်ကမ္ဘာ - ဤလောက၌
ခဏတဖြုတ် - နောင်တမျက်ရည်
ယိုကျချိန်ခါ - ကိုယ်တော့်နားမှာ
သင်ရှိနေကြောင်း - သတိရပါ
ရိုးသားဖြူစင် - နှလုံးသားပါ ။
ဆရာဘားနဒ်လျန်း