Untitled Document
Untitled Document

ငါ ဘာ့ကြောင့် ဆင်းရဲမြဲ ဆင်းရဲနေရတာလဲ။

ငါ ဘာ့ကြောင့် ဆင်းရဲမြဲ ဆင်းရဲနေရတာလဲ။

    တစ်ခါက လူကြီးတစ်ယောက်က ဒီလို ပြောပါတယ်။ “ကမ္ဘာပေါ်မှာ ရှိတဲ့ ငွေကြေးတွေအားလုံးကို တစ်နေရာမှာ စုပြီး လူတွေဆီကို အညီအမျှ ပြန်ခွဲဝေပေးမယ်ဆိုရင်၊ သိပ်မကြာခင်မှာပဲ အဲဒီငွေတွေဟာ မူရင်းပိုင်ရှင်တွေဆီကို ပြန်ရောက်သွားမှာပဲ ဖြစ်တယ်။”

ဘာဖြစ်လို့လဲ။

ဆင်းရဲတဲ့သူတွေဟာ အများသောအားဖြင့် စားသုံးသူတွေ ဖြစ်ကြပြီးတော့ ချမ်းသာတဲ့သူတွေကတော့ အများအားဖြင့် ရင်နှီးမြှပ်နှံတဲ့သူတွေ ဖြစ်နေကြလို့ပါပဲ။

ကျွန်တော့်ကို ဆင်းရဲပါတယ်ဆိုတဲ့ သူတစ်ယောက်(A Poor Man) ကို ပြပါ။ အခွင့်အရေးတွေကို ထပ်ခါထပ်ခါ အလဟသ လက်လွတ်ကုန်ဆုံးစေတဲ့သူကို ကျွန်တော်ပြပါ့မယ်။ (Poor: P-passes, O- over, O-opportunities, R-Repeatedly)

ဆင်းရဲသားဆိုတာ စိန်ခေါ်မှုတိုင်းကို အခွင့်အရေးလို့ သိမြင်တာထက် အခွင့်အရေးတိုင်းကို စိန်ခေါ်မှုလို့ သိမြင်နေတဲ့သူတွေ ဖြစ်တယ်။

“Man”ဆိုတဲ့ လူသားဖြစ်ခြင်းဟာ ဂုဏ်ပုဒ်တစ်ခု မဟုတ်ပါဘူး။ တာဝန်ဝတ္တရားတစ်ခု ဖြစ်ပါတယ်။ (Man: M-Morning, A-Afternoon, N-Night) မနက်၊ နေ့လယ်၊ ညအချိန်တွေမှာ ငွေရေးကြေးရေးနဲ့ပတ်သက်ပြီး ဖြေရှင်းဖို့ ဖြစ်လာရင် တာဝန်ရှိသူလို့ အဓိပ္ပာယ်ရပါတယ်။

ဒါ့ကြောင့် လူသားဖြစ်တဲ့ သင်ဟာ ပိုပြီး ကြီးမားတဲ့ ဆုလာဘ်တွေကို လက်ခံရရဖို့ ကြီးမားတဲ့ စွန့်စားမှုတွေ လုပ်ဆောင်ရပါမယ်။

အစီအစဉ်တွေ၊ နည်းဗျူဟာတွေ ရှိရပါမယ်။ သင် တန်ဖိုးထားရမှာက လုပ်အားခ မဟုတ်ရပါဘူး။ အကျိုးအမြတ် ဖြစ်ရပါမယ်။ ကောင်းမွန်တဲ့ အောင်မြင်မှုကို သင် လိုချင်တယ်ဆိုရင်၊ ဆုံးဖြတ်ချက် ပြတ်သားရမယ်။ အာရုံတွေ စုစည်းထားနိုင်ရမယ်။

ဆင်းရဲသားတွေကို အလုပ်အကျွေးပြုနေတဲ့ သူတွေဟာ ကမ္ဘာပေါ်မှာ ကံအဆိုးဆုံးလူသားတွေပဲ ဖြစ်ပါတယ်။

ဆင်းရဲသားဆိုတာ အခွင့်အရေးတွေကို အလဟသ ထပ်ခါထပ်ခါ လက်လွတ်ကုန်ဆုံးစေတဲ့သူတွေ ဖြစ်ပါတယ်။ (Poor_ passing over opportunities repeatedly)

သူတို့တွေ ဘာ့ကြောင့် ဆင်းရဲရတယ်ဆိုတာကို သိရအောင် အောက်ပါ အကြောင်းအရင်းတွေကို ဖတ်ကြည့်ပါ။

၁။ သူတို့ကို ငွေ အလကားပေးလိုက်ပါ။ ဒါဟာ ထောက်ချောက်ဆင်တာပဲ ဆိုပြီး ထင်မြင်နေပါလိမ့်မယ်။

၂။ ဒီအလုပ်ဟာ အသေးစား ရင်နှီးမြှပ်နှံမှုဖြစ်တဲ့အကြောင်း ပြောပြလိုက်ပါ။ အမြတ်အစွန်း များများစားစား ကျန်မှာ မဟုတ်ဘူးလို့ ပြန်ပြောပါလိမ့်မယ်။

၃။ အကြီးစား ရင်နှီးမြှပ်နှံမှုမှ ကြိုဆိုပါတယ် လို့ ပြောကြည့်ပါ။ ကျွန်တော့်မှာ ပိုက်ဆံမရှိဘူးလို့ ပြောပါလိမ့်မယ်။

၄။ အသစ်အဆန်းတွေ ကြိုးစားလုပ်ဆောင်ကြည့်ပါလို့ သွားပြောကြည့်ပါ။ ငါ့မှာ အတွေ့အကြုံမှ မရှိတာ၊ အဲလို လုပ်တာ အလုပ်ဖြစ်တယ်ဆိုတာ သက်သေရှိလို့လား။ အရင်က ဘယ်သူက အမြတ်ရဖူးလို့လဲ၊ စသဖြင့် ပြောကြပါလိမ့်မယ်။

၅။ ဒီလုပ်ငန်းဟာ မိရိုးဖလား စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်ပါတယ်လို့ ပြောကြည့်ပါ။ ဒါကတော့ အင်မတန်မှ ခက်ခဲလွန်းပါတယ်လို့ ပြောပါလိမ့်မယ်။

၆။ ဒါဟာ ခေတ်မှီတဲ့ စီးပွားရေးလုပ်ငန်းသစ်ခု ဖြစ်တယ် လို့ ပြောကြည့်ပါ။ ဒီလို စီးပွားရေး လုပ်ကိုင်နေကြတာ နှစ်ပေါင်းဘယ်လောက် ရှိပြီလဲ။  network marketing မလုပ်တတ်ဘူး လို့ ပြောပါလိမ့်မယ်။

၇။ ဈေးဆိုင်လေးတစ်ခုလောက် ဖွင့်ကြည့်ပါလား လို့ ပြောကြည့်ပါ။ ဒါလေးကိုပဲ ထိုင်စောင့်နေရမှာဆိုတော့ ငါ လွတ်လပ်မှာ မဟုတ်တော့ဘူး။ အိမ်မှာပဲ ကပ်နေရတော့မှာပေါ့ လို့ ပြောပါလိမ့်မယ်။

၈။ တစ်နှစ်တာ စီးပွားရေးကို ရေးဆွဲပြီး လုပ်ကြည့်ပါလားလို့ ပြောကြည့်ပါ။ အရမ်းကို အချိန်ကြာလွန်ပါတယ်။ ငါ အဲလောက် အကြာကြီး မစောင့်နိုင်ပါဘူး လို့ ပြောပါလိမ့်မယ်။

၉။ သင် ဘာတွေ လုပ်နိုင်သလဲလို့ မေးကြည့်ပါ။ ဘယ်အရာမဆို၊ ဘာအလုပ်မဆို လုပ်နိုင်ပါတယ်လို့ ပြောကြပါလိမ့်မယ်။

၁၀။ သူတို့ဟာ သူတို့လို မျှော်လင့်ချက် ကင်းမဲ့နေတဲ့ သူတို့ရဲ့ သူငယ်ချင်းတွေဆီက အကြံဉာဏ်တွေ တောင်းနေရတာကို နှစ်သက်ကြတယ်။ မျက်ကန်းတွေက မျက်မမြင်တွေကို မဦးဆောင်နိုင်တဲ့အကြောင်းကို သန့်ရှင်းသော သမ္မာကျမ်းစာက သွန်သင်ထားပြီး ဖြစ်တယ်။

၁၁။ သူတို့ဟာ တက္ကသိုလ်က စာချပါမောက္ခတစ်ဦးထက်တောင် စဉ်းစားတွေးခေါ်ကြပါတယ်။ သူတို့ရဲ့ အလုပ်ကတော့ မျက်ကန်းတစ်ယောက်လောက်တောင် အလုပ် မဖြစ်ကြပါဘူး။
သူတို့ဟာ “Penny wise, pound foolish” ဆိုတဲ့အတိုင်း ထောင်မြင်ပေမယ့် ရာမစွန့်နိုင် ဖြစ်ကြတယ်။ အဓိကနဲ့သာမညကို မခွဲခြားတတ်ခြင်းပဲ ဖြစ်တယ်။ အသေးအမွားကိစ္စတွေကိုတော့ ရေကြီးခွင်ကျယ်လုပ်ပြီး ကပ်စေးနှဲနေကြတယ်။ အရေးကြီးတဲ့အရာတွေကိုကျတော့ အမှုမဲ့အမှတ်မဲ့ထားပြီး လက်လွတ်ဆုံးရှုံးနေကြရမှန်း မသိကြလို့ ဆင်းရဲနေကြရတာ ဖြစ်တယ်။

ဆင်းရဲတဲ့သူတွေရဲ့ အဓိက စိန်ခေါ်မှုတစ်ခုကတော့ အကောင်အထည်ဖော်မှု ကင်းမဲ့နေခြင်း ဖြစ်ပါတယ်။

သူတို့ဟာ သူတို့ရဲ့ သက်သောင့်သက်သာ ဖြစ်နေမှုကနေ မရုန်းထွက်ချင်ကြပါဘူး။ သူတို့ရဲ့ သိရှိနေတဲ့ အမြင်စွဲအသိစွဲတွေ၊ ကျင်လည်နေတဲ့အသိုင်းအဝိုင်းတွေမှာသာ မလှုပ်မယှက် နေထိုင်ကျက်စားလို ကြတယ်။

သူတို့ရဲ့ ဆင်ခြင်တွေးခေါ်နိုင်မှုရဲ့ ပြင်ပက အရာတွေက အလုပ်မဖြစ်ဘူး လို့ တွေးထင်နေကြတယ်။ ဒါ့ကြောင့် အဲဒီအရာတွေကို သူတို့အတွက် လိမ်လည်လှည့်ဖြားမှုတစ်ခုအဖြစ် ရူမြင်ကြတယ်။

စွန့်စားမှုတစ်ခုလုပ်ဖို့ဆိုတာ အန္တာရာယ် သိပ်များပါတယ်။ ဒါပေမယ့် စွန့်စားမှု လုံးဝမရှိတဲ့ဘဝဟာ ပိုပြီးတော့တောင် အန္တာရာယ်များပါသေးတယ်ဆိုတာကို သတိရပါ။

ဒါ့ကြောင့်
-    အကောင်းမြင်ပါ။
-    စမတ်ကျကျ နေပါ။
-    ကြိုတင် သိမြင်လုပ်ဆောင်သူ ဖြစ်ပါစေ။

အသစ်အဆန်းတွေကို စမ်းသပ်လုပ်ဆောင်သူဖြစ်အောင် ကြိုးစားပါ။
ဆုတောင်းနိုင်တဲ့သူတွေကပဲ ကမ္ဘာကြီးကို အုပ်စိုးတာ မဟုတ်ပါဘူး။ စိတ်ဓာတ်ခိုင်မာတဲ့ သူတွေကလည်း အုပ်စိုးအနိုင်ယူပါတယ်။

တွေးတောကြံဆခြင်းဟာ လုပ်ငန်းခွင်တိုင်းမှာ အမြင့်ဆုံး အခကြေးငွေ ပေးတဲ့ အလုပ်ဖြစ်ပါတယ်။

တီထွင်ဖန်တီးမှုတွေ၊ နည်းဗျူဟာသစ်တွေနဲ့ လုပ်ဆောင်နိုင်ဖို့ အချိန်ယူ စဉ်းစားပါ။

         -----     ။။။။။     -----

ကျွန်ုပ်အပါအဝင် စာဖတ်သူအယောက်တိုင်းလည်း ဆင်းရဲတွင်းမှ လွတ်မြောက်နိုင်ကြပါစေ။

မှတ်ချက်။ အင်တာနက် စာမျက်နှာတစ်ခုမှ “true life” ကို ပြန်ဆိုသည်။

တောင်ပေါ်သား (ပေါလ်လေး)
၂၂.၁၀.၂၀၁၉
(အင်္ဂါနေ့)



2019-12-05 23:00:16
ဆောင်းပါး
Untitled Document copyright © www.kalaycatholicdiocese.com, All rights reserved.