St.John Paul II ပြောသော ဘဝ၌ အရေးကြီးဆုံးသောအရာ (၁၆) ချက်
St.John Paul II, Pray for us.
St.John Paul II ပြောသော ဘဝ၌ အရေးကြီးဆုံးသောအရာ (၁၆) ချက်
St.John Paul II, Pray for us.
၁။ မိတ်ဆွေသူငယ်ချင်း။
မိတ်ဆွေသူငယ်ချင်းဟုဆိုရာ၌ အခြားသူတစ်ဦး၏ ကောင်းကျိုးကို ရှေ့ရူပြီး ထိုသူ့အတွက် ပြင်းပြသည့် ခံယူချက်အပြည့်နှင့် လုပ်ဆောင်ပေးတတ်ခြင်းများ ပါဝင်နေသည်။
၂။ ချစ်ခြင်းမေတ္တာ။
လူယောကျ်ားနှင့်လူမိန်းမ၊ ထိုသူတို့နှစ်ဦးကြားတွင် ရှိသော ချစ်ခြင်းမေတ္တာသည် ပေးဆပ်အနစ်နာခံခြင်းနှင့် မိမိကိုယ်ကို ငြင်းပယ်ခြင်း မရှိပါက တည်တံ့နိုင်မည် မဟုတ်ပေ။
၃။ မိခင်ဖြစ်ခြင်း။
လူသစ်တစ်ဦးကို လမ်းဖွင့်ပေးခြင်းသည် မိခင်ဖြစ်ခြင်း၏ ကနဦး အခွင့်ထူး ဖြစ်သည်။ ထိုအရာသည် လူမိန်းမ၏ လုပ်ဆောင်ရမည့် ကဏ္ဍဖြစ်သည့်မှာ သေချာလှပါသည်။ ဤကဲ့သို့ လမ်းဖွင့်ပေးခြင်း၊ ကိုယ်ဝန်ယူခြင်း၊ ကလေးမွေးခြင်းတို့၌ လူမိန်းမသည် မိမိကိုယ်ကို ဖြူစင်သော လက်ဆောင်တစ်ခုအဖြစ် တွေ့မြင်ခံစာရပေသည်။
၄။ မိသားစုဘဝ။
မိသားစုအတွင်း၌ ဖြစ်ပျက်နေသည့်အတိုင်း ထိုမိသားစုရှိရာ နိုင်ငံအတွင်း၌လည်း ဖြစ်ပျက်လျက်ရှိသည်။ ကျွန်တော်တို့ နေထိုင်သော ကမ္ဘာကြီးသည်လည်း ထိုကဲ့သို့ပင် ဖြစ်ပျက်လျက်ရှိသည်။
၅။ ယုံကြည်ခြင်း။
ယုံကြည်ခြင်းနှင့် ဆင်ခြင်တုံတရားသည် စိတ်ဝိညာဉ်၏ တောင်ပံနှစ်ခုပင် ဖြစ်သည်။ ထိုတောင်ပံများကို အားပြု၍ အမှန်တရားရှိရာသို့ ပျံဝဲသွားကြရသည်။
၆။ စိတ်ပျက်ဝမ်းနည်းခြင်း။
စိတ်ပျက်လက်လျော့ခြင်း၌ လက်ပန်းကျ ငိုက်စိုက်မနေပါနှင့်။ ကျွနု်ပ်တို့သည် ရှင်ပြန်ထမြောက်ပြီးသော အက်စတာ လူတွေ ဖြစ်ကြတယ်။ ကျွနု်ပ်တို့၏ သီချင်းမှာ ဟာလေလုယာ သီချင်း ဖြစ်သည်။
၇။ သဘာဝပတ်ဝန်ကျင် ထိန်းသိမ်းခြင်း။
သစ္စာရှိသော အစေခံလုပ်သားများ မရှိပါလျှင် ကမ္ဘာကြီးက ကျွန်ုပ်တို့ ရိတ်သိမ်းရမည့် သီးနှံတွေကို ဆက်လက် ဝေမျှပေးမည် မဟုတ်တော့ချေ။ နောင်လာမည့် အနာဂတ်မျိုးဆက်များ အသုံးပြုရမည့်အရာများကို ဖျက်ဆီးပစ်ရန် ခြေလှမ်းများ လှမ်းနေကြလျက်ပင် ကမ္ဘာကြီးကို ချစ်ပါသည်ဟု ကျွန်ုပ်တို့ ပြောနေ၍ ရမည်မဟုတ်ပါ။
၈။ စဉ်းစားတွေးခေါ်ခြင်း။
လေးလေးနက်နက် စဉ်းစားဆင်ခြင်တတ်ရန် သင်ယူပါ။ သို့မှသာလျှင် မှန်ကန်စွာ လုပ်ဆောင်နိုင်မည်ဖြစ်သည့်အပြင် လူသားများအားလည်း ပိုမိုကောင်းမွန်စွာ အလုပ်အကျွေး ပြုနိုင်မည် ဖြစ်သည်။
၉။ ဘဝ၏အလှတရား
ဘဝဟူသည် ရတနာတစ်ပါးကဲ့သို့ တန်ဖိုးထားရန် လူသားများအား ပေးအပ်ထားခြင်းသည် ဖြစ်သည်။ ထို့ကြောင့် ဘဝကို အလဟဿ ဖြုန်းတီးကုန်ဆုံးစေရန် မဟုတ်ပါဘူး။ ကောင်းမွန်စွာ အသုံးပြုရမည့် ပင်ကိုယ်စွမ်းရည်တစ်ခုကဲ့သို့ပင် ဖြစ်ပါသည်။
၁၀။ နေ့စဉ် သမရိုးကျအလုပ် ဖြစ်လာခြင်း။
အသက်ကင်းမဲ့စေရန် ခြိမ်းခြောက်အန္တာရယ်ပြုသည့် လမ်းစဉ်၌ သမရိုးကျဖြစ်သည်ထိ လူယောင်္ကျား၊ လူမိန်းမများသည် ဖောက်ပြန်ပျောက်စီး၍ ယုတ်လျော့ထိုးဆင်း သွားကြမည့်မှာ အံ့သြစရာ မဟုတ်ပါလေ။ စစ်မှန်သော လူပုဂ္ဂိလ်ဖြစ်ခြင်း၏ ဘဝကို တဖြည်းဖြည်း ဆုံးရှုံးရပေတော့မည်။
၁၁။ အထီးကျန်ခြင်း။
စစ်မှန်သော ခရစ်ယာန်တစ်ဦးသည် ယုံကြည်အားကိုးရသော အကောင်းမြင်ခြင်းကို ပြုစုပျိုးထောင်ရပေမည်။ အကြောင်းမှာ ထိုသူသည် တစ်ဦးတည်း အထီးကျန်ဖြစ်နေမည် မဟုတ်သည်မှာ သေချာလှပေသည်။ ထာဝရဘုရား၏ သားတော် လူ့အဖြစ်ယူသော၊ သခင်ယေဇူးကို ကျွန်ုပ်တို့ထံသို့ စေလွှတ်ပေးခြင်းအားဖြင့် ဘုရားသခင်သည် ကျွန်ုပ်တို့ တစ်ဦးစီ၏ အနီးနားသို့ ကြွရောက်လာခဲ့ပေသည်။ ခရစ်တော်သခင်အားဖြင့် ဘုရားသခင်သည် ကျွန်ုပ်တို့၏ ခရီးသွားဖော်တစ်ဦး ဖြစ်လာခဲ့ပေသည်။
၁၂။ အသက်အရွယ် ကြီးရင့်လာခြင်း။
ခန္ဓာကိုယ်၏ ပြောင်းလဲသော အဖြစ်အခြေအနေ သို့မဟုတ် အသက်အရွယ် ကြီးရင့်လာမှုသည့် ပြည့်စုံသော ဘဝတစ်ခု ပိုင်ဆိုင်ရန်အတွက် အတားအဆီတစ်ခု မဟုတ်ပေ။ ဘုရားသခင်သည် ပြင်ပန်းသဏ္ဍာန်ကို မဟုတ်၊ စိတ်နှလုံးအတွင်းကို ကြည့်မြင်သောသူ ဖြစ်ပေသည်။
၁၃။ မသိနားမလည်ခြင်း။
မသိနားမလည်သော အရာဆီသို့ ဦးတည်ခုတ်မောင်းနေရသည်ကို ကြောက်ရွံ့ခြင်း မရှိလေနှင့်။ သခင်ဘုရားသည် သင်နှင့်အတူ ရှိနေသည်ကို ရဲရဲဝင့်ဝင့် သိမှတ်ဝန်ခံချက် သင်၏ ခြေလှမ်းကို ဖြောင့်ဖြောင့်တန်းတန်း လှမ်းလိုက်ပါ။
၁၄။လက်ထပ်ထိမ်းမြားခြင်း။
လက်ထပ်ထိမ်းမြားခြင်းသို့ ဦးတည်ရည်ရွယ်သော ချစ်ခြင်းမေတ္တာသည် ဘုရားသခင်ထံမှလာသော လက်ဆောင်ပတ္ထနာ တစ်ခု ဖြစ်ပေသည်။ ထို့အပြင် အခြားသော လူသားတစ်ဦးအား ကြီးစွာသော ယုံကြည်ခြင်းကို ပြယုဂ်တစ်ခု ဖြစ်ပေသည်။
၁၅။ ဆုတောင်းခြင်း။
သင်သည် ဆုတောင်းခြင်းအားဖြင့် ကျွန်ုပ်တို့၏ စစ်မှန်သောအလင်းတည်ရှိရာ ယေဇူးကိုယ်တော်တိုင်နှင့် တစ်ပေါင်းတစ်စည်းတည်း ဖြစ်ရသော အခွင့်ကို ရရှိပေသည်။
၁၆။ ပြဿနာကို ဖြေရှင်းဆုံးဖြတ်ခြင်း။
ကြောက်ရွံ့ခြင်း မရှိလေနှင့်။ သာမန်အဖြစ်အခြေအနေ၌သာ ကျေနပ်ရောင့်ရဲမနေပါနှင့်။ ပိုမို နက်ရှိုင်းသော ရေနက်ရာသို့ သွား၍ အများအပြား ဖမ်းမိစေရန် သင်၏ ပိုက်ကွန်ကို ပစ်ချပါလော့။
မှတ်ချက်။ ။ https://aleteia.org/2018/10/22/16-quotes-from-st-john-paul-ii-about-the-essentials-in-life/ ကို ပြန်ဆိုသည်။
တောင်ကတုံး(နှင်းပွင့်)
၂၂.၁၀.၂၀၁၉
အင်္ဂါနေ့