Untitled Document
Untitled Document

ပြင်ဆင်ကြစို့ အာဒ်ဝင်တူးမို့

 

 

 

ပြင်ဆင်ကြစို့ အာဒ်ဝင်တူးမို့

နှစ်၊ လ၊ ရက် နေ့ရက်တွေ ရွေ့လျားလို့ အာဒ်ဝင်တူးအချိန်သမယသို့ တစ်ဖန်ရောက် လှည့်ပါပြီ။ အာဒ်ဝင်တူးဆိုတဲ့ ကြွလာခြင်း အဓိပ္ပါယ်ဆောင်တဲ့ အချိန်ကာလမို့ခရစ်တော် ဘုရားရှင်ရဲ့ကြွလာခြင်းကို ပြင်ဆင်ဖို့ ကက်သလစ်သာသနာတော်က  အားပေးတိုက်တွန်းလျက်နိုးဆော်ပေးနေပါတယ်။

ခရစ်တော်ဘုရားရှင်ရဲ့ ပထမအကြိမ် ကြွလာခြင်းကိုကြိုဆိုဖို့ ပြင်ဆင်နိုင်တဲ့ ကျေးဇူးတော်ဟာ ဝမ်းမြောက်ဂုဏ်ယူစရာ တစ်ရပ်ပင်ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် အာဒ်ဝင်တူးကာလဟာ ခရစ်တော်ရဲ့ကြွ လာခြင်းအတွက် ပြင်ဆင်ရတဲ့အချိန်အခါမို့ ပျော်ရွှင်ဝမ်းမြောက်စရာ အချိန်ကာလပဲဖြစ်ပါတယ်။ ခရစ်တော်ဘုရားရှင်ကို ထိုက်တန်လျောက်ပတ်စွာ ကြိုဆိုနိုင်ဖို့ရာ ဆုတောင်းခြင်း၊ အစာရှောင်ခြင်း၊ ဆပ်ဖြေခြင်းနှင့် ပေးကမ်းခြင်းများကို ကြိုးစားကျင့်ကြံ အားထုတ်ခြင်းဖြင့် နှလုံးသားအလှ ပြင်ဆင်အပ်တဲ့ သမယလေးပဲဖြစ်ပါတယ်။

ဝါတွင်းကာလို စည်းတွေ မျဉ်းတွေ သတ်မှတ်ချက်တွေ များများစားစား ဖော်ပြမထားသော်ငြား မိမိကိုယ်ကို ပြင်ဆင်လို့ ကယ်တင်ရှင် မက်ဆီယားကို နှလုံးသားထဲမှာ ဆီးကြိုမွေးဖွားသန့်စင် ခွင့်ပြုနိုင်ဖို့ နှလုံးသားမှာ ငြိစွန်းတတ်တဲ့ အတ္တမာန၊ အမုန်းတရား၊ မနာလိုစိတ်တွေ ကင်းဝေးစေမယ်။ ဆပ်ဖြေတရား နောင်တပွားလို့ ဘုရားရှင်ရဲ့ချစ်ခြင်းမှာ ပျော်မွေ့ရအောင် အပြစ်ဖြေခြင်း စက္ကရမင်တူးကို ချဉ်းကပ်ခံယူဖို့ သာသနာတော်က လမ်းညွှန်ပေးလျက် ရှိပါတယ်။

ကမ္ဘာလူသား ကျွနု်ပ်တို့အား အပြစ်ရဲ့ ကျေးကျွန်အမှောင်ထုမှ ကယ်တင်ထုတ်ဆောင် အလင်းသားများဖြစ်ဖို့ မွေးဖွားသန့်စင် လူ့ဇာတိယူတဲ့ ခရစ်တော်ဘုရားရှင် ကြွလာခြင်းကို မျှော်လင့်ရတဲ့ ခံစားချက်ဟာ ဝမ်းမြောက်ပီတိ ရွှင်လန်းဝမ်းမြောက်ရပါတယ်။

          ခရစ်တော်ဘုရားရှင်ရဲ့ ကြွလာခြင်းကို ဝမ်းမြောက်ခြင်း အပြည့်နဲ့ ပြင်ဆင်မျှော်လင့်ရင်း အာဒ်ဝင်တူးအချိန်ကို တန်ဖိုးရှိရှိ အဓိပ္ပါယ်သိသိနဲ့ အသုံးပြုအပ်ပါတယ်။

မီး (ကလေး)


2019-12-08 21:06:40
ဆောင်းပါး
Untitled Document copyright © www.kalaycatholicdiocese.com, All rights reserved.