ယုံကြည်ခြင်းမှ စိတ်ချစွာ ပုံအပ်ခြင်းသို့
ယုံကြည်ခြင်းမှ စိတ်ချစွာ ပုံအပ်ခြင်းသို့
လူတစ်ဦးဟာ မျှော်စင်နှစ်ခုကြားမှာ သွယ်တန်းထားတဲ့ ကြိုးပေါ်မှာ စတင်လမ်းလျှောက်ဖို့ ပြင်ဆင်နေတယ်။ သူ့ရဲ့လက်ထဲမှာ ရှည်းလျားတဲ့ တုတ်တစ်ချောင်းကို ဟန်ချက်ညီစေဖို့ ကိုင်ထားရင်းနဲ့ သူ ဖြည်းဖြည်းချင်း ခြေလှမ်း စလှမ်းပါတယ်။ သူ့ရဲ့ပခုံးပေါ်မှာလည်း သူ့ရဲ့သားလေးကို ကုန်းပိုးထားပါသေးတယ်။
အောက်ကနေ မော့ကြည်နေကြတဲ့ သူတွေဟာ အသက်တောင် ရဲရဲမရူနိုင်ဘဲ ရင်တထိတ်ထိတ်နဲ့ နေမထိထိုင်မသာ ဖြစ်နေကြတယ်။ တဖြည်းဖြည်းနဲ့ တစ်ဘက်က မျှော်စင်ကို ရောက်တဲ့အချိန်မှာ လူအားလုံးက လက်ခုပ်သြဘာပေးကြတယ်။ ကြိုဆိုဂုဏ်ပြုကြတဲ့ အသံတွေနဲ့ ဆူညံသံတွေ ပြုကြတယ်။ လက်ဆွဲနှုတ်ဆက်ပြီး ဆယ်ဖီးတွေ ရိုက်ကြတယ်။
ဒါနဲ့ သူက လူထုပရိသတ်ကြီးကို ဒီလိုမေးလိုက်ပါတယ်။ “ကျွန်တော် ဒီကြိုးတန်းပေါ်မှာ လျှောက်ပြီး ဒီဘက်ကနေ ဟိုဘက်ကို ပြန်သွားနိုင်မယ်လို့ ထင်ကြပါသလား။”
“သင် လုပ်နိုင်တယ်။ လုပ်နိုင်ပါတယ်” လို့ တခဲနက် ပြန်ဖြေကြတယ်။
“ကျွန်တော်ကို တကယ်လုပ်နိုင်မယ်လို့ ယုံကြည်ကြသလား” လို့ မေးလိုက်ပါတယ်။
“ယုံကြည်တယ်။ လောင်းကြေးထပ်ဖို့တောင် အဆင့်သင့်ပါပဲ” လို့ ပြန်ဖြေကြတယ်။
“ကောင်းပြီး။ ကျွန်တော် ကလေးတစ်ယောက်ကို ကုန်းပိုးပြီး ပြန်လျှောက်ပြမယ်။ ကျွန်တော့်ရဲ့သားလေးကိုတော့ ကုန်းပိုးလျှောက်ပြပြီးသွားပြီ။ အခုတစ်ခါ သင်တို့ရဲ့ ကလေးတစ်ယောက်ယောက်ကို ကုန်းပိုးပြီး ဟိုတစ်ဘက်ထိကို လုံလုံခြုံခြုံနဲကြိုးတန်းလျှောက်ပြပါ့မယ်။ ဒါ့ကြောင့် သင်တို့ရဲ့ ကလေးတစ်ယောက်ယောက်ကို ဒီကို လွှတ်လိုက်ပါ” လို့ ပြောလိုက်တယ်။
ပတ်ဝန်းကျင်တစ်ခုလုံးဟာ တိတ်ဆိတ်ငြိမ်သက်သွားတယ်။ စကားတီးတိုပြောတဲ့သူတောင် မရှိတော့ဘူး။ အပ်ကျသံတောင် ကြားရမတတ်ပါပဲ။
ယုံကြည်တာနဲ့ စိတ်ချတာ မတူပါဘူး။ ယုံကြည်ရုံနဲ့တော့ မလုံလောက်သေးပါဘူး။
သင် ယုံကြည်ပြီး စိတ်ချတယ်ဆိုရင် လုံးဝကို ပုံအပ်လိုက်လျော့ဖို့ လိုအပ်ပါတယ်။
ဒါဟာ ယနေ့ကမ္ဘာမှာ ကျွန်တော်တို့၊ ဘုရားသခင်ကို ပေးဖို့ ပျက်ကွက်နေတဲ့အရာ ဖြစ်တယ်။
အရာအားလုံးကို တတ်နိုင်တဲ့ အနန္တတန်ခိုးရှင်ကို ကျွန်တော်တို့ ယုံကြည်ကြတယ်။ ဒါပေမယ့် ကျွန်တော်တို့ဘဝတစ်ခုလုံးကို ယုံကြည်စိတ်ချမှုအပြည့်နဲ့ သူ့ဆီမှာ ပုံအပ်ပြီး တာဝန်ယူစေဖို့တော့ တွန့်ဆုတ်နေကြတယ်။
သင်ရော ယုံကြည်ရုံသက်သက်ပဲလား။ သူ့ရဲ့စီမံမှုအောက်မှာ ပုံအပ်ဖို့ အဆင်သင့် ဖြစ်ပြီးလား။
တောင်ပေါ်သား(ပေါလ်လေး)