Untitled Document
Untitled Document

ဘာကြောင့်လဲ။ ဘာဖြစ်လို့လဲ။

ဘာကြောင့်လဲ။ ဘာဖြစ်လို့လဲ။

တစ်ခါတုန်းက လူတစ်ဦးဟာ သူ့ရဲ့သူငယ်ချင်းတစ်ယောက်နဲ့ ရေကြောင်းခရီးကို စတင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူတို့ရဲ့ခရီးစဉ် တစ်ဝက်လောက် ရောက်တဲ့အချိန်မှာ သူတို့ရဲ့သဘောၤဟာ မြှပ်လုမတတ်အဖြစ်နဲ့ ကြုံခဲ့ရပါတယ်။ ခရီးသည်တွေအားလုံးဟာ အသက်လွတ်ရာလွတ်ကြောင်း ကြိုးစားပြီး ပင်လယ်ပြင်ကြီးကို ကူးခတ်နေကြပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ကြိုးစားမှုတွေဟာ မကြာခင်မှာပဲ အလဟဿဖြစ်သွားရပါတယ်။

အဲဒီလူတစ်ယောက်တည်းကလွဲလို့ ကျန်တဲ့လူတွေအားလုံးဟာ ပင်လယ်ထဲမှာ နစ်မြှပ်ပျောက်ကွယ်သွားကြပါတယ်။ သူဟာ ရေပေါ်မှာ ပေါ်လောပေါ်နေတဲ့ အရာဝတ္ထုတစ်ခုကို ဖမ်းကိုင်နိုင်ခဲ့လို့ အသက်ဘေးမှ လွတ်မြောက်ခဲ့ရပါတယ်။ ပြင်းထန်တဲ့ လေအဟုန်ကြောင့် အဲဒီအရာဝတ္ထုနဲ့အတူ အဝေးတစ်နေရာဖြစ်တဲ့၊ လူမရှိ၊ တိရစ္ဆာန်မရှိတဲ့ ကျွန်းငယ်လေးတစ်ခုကို ရောက်တဲ့အထိ စီးမျှော်လာပါတယ်။ အဲဒီကျွန်းလေးမှာ အင်ဆက်ပိုးကောင်းတစ်ချို့ကလွဲပြီး ဘာမှ မရှိပါဘူး။ နဖူးကနေ ချွေးတွေ တစ်မြိုင်မြိုင်စီးကျရတဲ့အထိ ကြိုးစားလုပ်ကိုင်တာကြောင့် သက်ကယ်နဲ့ဆောက်လုပ်တဲ့ သေးငယ်တဲ့တဲလေးတစ်ခုကို ပိုင်ဆိုင်နိုင်ခဲ့တယ်။

သူဟာ အဲဒီမှာ သစ်သီးဝလံတွေစားပြီး ရက်ပေါင်းများစွာ  အသက်ရှင် ရပ်တည်နေခဲ့ရတယ်။ ဒီလို ဒုက္ခကိုအဖော်ပြုနေရတဲ့ဘဝသစ်မှာ နေသားတကျ ဖြစ်လာတယ်။ နောက်ဆုံးမှာတော့ တစ်နေ့နေ့ကျရင် သူ့ရဲ့မိသားစုနဲ့ ပြန်တွေ့မယ်ဆိုတဲ့ သူ့ရဲ့မျှော်လင့်ချက်တွေအားလုံးကို မြေမြုပ်သင်္ဂြုံလ်ရပါတော့တယ်။ 

ညတိုင်း သူ့ရဲ့တဲလေးရှေ့မှာ မီးမွေးပြီး မီးလှုံလေ့ရှိပါတယ်။ ညနေခင်းတစ်ခုမှာ ခါတိုင်းလိုပါပဲ မီးမွေးပြီး အဲဒီနေရာမှာ အကြာကြီး မီးလှုံနေရင်း အိပ်ငိုက်လာပါတယ်။ ညနက်ရောက်တဲ့အချိန်မှာ ပူလောင်းလွန်းတဲ့ အပူဒဏက်ကြောင့် အလန့်တကြာ နိုးလားပါတယ်။ သူ့ရဲ့တဲအိမ်လေးတစ်ခုလုံး မီးလောင်ကျွမ်းနေတာ ဖြစ်တယ်။ သူ၊ အားတကုန် အော်ငိုပြီး သူ့ရဲ့တဲအိမ်လေး မီးလောင်တဲ့အတွက် ဘုရားကို အပြစ်တင်စွပ်စွဲပါတော့တယ်။
 “အို၊ ဘုရား၊ ဒီလို နာကျင်ခံစားရအောင် ကျွန်တော်၊ ကိုယ်တော့်ကို ဘာတွေ လုပ်ခဲ့လို့လဲ။ ဒီလို လူသူကင်းမဲ့တဲ့ကျွန်းပေါ်မှာ ကျွန်တော်တစ်ယောက်တည်းကို ထားဖို့ မိသားစုနဲ့ ရှင်ကွဲ ကွဲအောင် လုပ်ခဲ့ပြီးပြီ။ ကျွန်တော့်ရဲ့ သူငယ်ချင်းတွေကိုလည်း သတ်ပစ်တယ်။ အခု ကျွန်တော့်ရဲ့ တစ်ခုတည်းသော ခိုလှုံရာ တဲအိမ်းလေးကိုမှ ဖျက်ဆီးပစ်ရက်တယ်။ ဘာ့ကြောင့် ကျွန်တော့်ကို ဒုက္ခတွေ ပေးနေရတာလဲ။ ဒီလို ဝေဒနာတွေနဲ့ အသက်ရှင်ရမယ့်အစား သေတာမှ ပိုကောင်းပါတယ်။”

ဒါပေမယ့် မနက်အာရုံတက်လာတဲ့အချိန်မှာ သဘောၤငယ်လေးတစ်စင်းဟာ သူ့ရှိတဲ့နေရာကို ဦးတည်လာတာကို တွေ့လိုက်ရတယ်။ သင်္ဘော ကမ်းကပ်ပြီးတဲ့အခါ ကပ်တိန်ဆီ အရောက်သွားပြီး အံ့သြခြင်းတွေနဲ့  “ကပ်တိန်၊ သင် ဒီကို ဘယ်လို ရောက်လာတာလဲ၊ လမ်းပျောက်တဲ့ သင်္ဘောတွေပဲ ဒီနေရာကို ရောက်တာပါ”လိ့ု ပြောလိုက်ပါတယ်။
“ညတုန်းက မီးလင်းထိန်းနေတာကို ကျွန်တော်တို့ တွေ့ခဲ့တယ်။ သင်္ဘောမီးလောင်းတယ်လို့ ထင်ထားခဲ့တာ။ ခရီးက ဝေးတော့ ချက်ချင်း မရောက်နိုင်ခဲ့ဘူး။ သင့်ဆီလာဖို့ အချက်ပြမီးလို့ ထင်ခဲ့တာ”လို့ ကပ်တိန်က ပြန်ပြောပါတယ်။

အဲဒီလူဟာ အော်ငိုရင်းနဲ့ ဒူးထောက်တောင်းပန်ပြီး ဘုရားဆီမှာ ခွင့်လွှတ်ခြင်း တောင်းခံခဲ့တယ်။ အဲဒီနောက် သင်္ဘောပေါ်တက်ပြီး သူ့ရဲ့မိသားစုနဲ့ ပြန်လည်း တွေ့ဆုံခွင့် ရခဲ့တယ်။

သင်ခန်းစာ။    ။ ဘုရားသခင်ဆီမှာ ကျွန်တော်တို့ရဲ့ပြဿနာတွေကို ဖြေရှင်းပေးဖို့ နည်းလမ်းတွေ အများကြီး ရှိနေပါတယ်။
-    ဘုရားက သင့်ကို ပိုမိုကောင်းမွန်တဲ့အလုပ်တစ်ခုကို ပေးချင်တဲ့အခါ သင် အလုပ်က ထွက်ရပြီး ဘုရားက သင့်ကို စွန့်ပစ်ထားတယ်လို့ သင် ထင်ကောင်း ထင်နိုင်ပါတယ်။
-    သင့်ရဲ့ သူငယ်ချင်းတွေက သင့်ကို ပစ်ပယ်ထားခဲ့တဲ့အခါ ဘုရားက သင့်ကို စွန့်ပစ်ထားတယ်လို့ မတွေးထင်ပါနဲ့။ မကောင်းတဲ့ သူငယ်ချင်းတွေနဲ့ ကင်းကင်းရှင်းရှင်း နေဖို့ သင့်ကို အလိုရှိတာ ဖြစ်တယ်။
-    သင် ဝေဒနာတွေ ခံစားနေရတာတောင်မှ သင့်ရဲ့ဘုရားသခင်ကို သံသယမရှိပါနဲ့။ သင့်ရဲ့မျှော်လင့်ခြင်းနဲ့ ယုံကြည်ခြင်းကို မြဲမြံစွာ ဆုပ်ကိုင်ထားပါ။ ဘုရားက တာဝန်ယူလုပ်ဆောင်ပေးပါလိမ့်မယ်။


တောင်ပေါ်သား


2020-01-25 08:37:07
ဆောင်းပါး
Untitled Document copyright © www.kalaycatholicdiocese.com, All rights reserved.