ကျွန်တော် ကက်သလစ်ဘာသာဝင် ဖြစ်ရခြင်း အကြောင်း (၁၀) ချက်
ကျွန်တော် ကက်သလစ်ဘာသာဝင် ဖြစ်ရခြင်း အကြောင်း (၁၀) ချက်
ကက်သလစ်ဘာသာဝင် ဖြစ်ရတာ ကျွန်တော် ဂုဏ်ယူပါတယ်။ ဒီလို ဂုဏ်ယူရတဲ့အကြောင်းအရင်းတွေဟာ မကုန်နိုင်လောက်အောင်ကို များပြားလွန်းလှပါတယ်။ ဒါပေမယ့် အဲဒီအရာတွေထဲက အချက် (၁၀)ချက်ကိုပဲ မြည်းစမ်းကြည့်ကြပါစို့။
၁၀။ ဒီအသင်းတော်ဟာ ယေဇူးခရစ်တော်က စတင်တည်ထောင်ခဲ့တယ်။ အဲဒီအသင်းတော်ကို လမ်းပြဦးဆောင်ဖို့ သန့်ရှင်းတော်ဝိညာဉ်တော်ကို ပေးအပ်ခဲ့တယ်။ ဒီအသင်းတော်ဟာ မူလအစကတည်းက မာမာမတ်မတ်ရပ်တည်ခဲ့တဲ့ အနှိုင်းမဲ့ တစ်မူးထူးခြားတဲ့ အသင်းတော်ဖြစ်ပါတယ်။
၉။ ကမ္ဘာ့သမိုင်းမျက်နှာစာကို ကြည့်မယ်ဆိုရင်၊ ကက်သလစ်အသင်းတော်လောက် လူတွေရဲ့ဒုက္ခဝေဒနာကို ပြေလျော့သက်သာစေဖို့ အစေခံတဲ့ အဖွဲ့အစည်းတစ်ခုမှ မရှိပါဘူး။ လူနာတွေ၊ ဆာလောင်မွတ်သိပ်တဲ့သူတွေ၊ အထီးကျန်နေတဲ့သူတွေ၊ အိုးမဲ့အိမ်မဲ့သူတွေ၊ အသိပညာခေါင်းပါးတဲ့သူတွေ၊ အကျဉ်းကျနေတဲ့သူတွေကို ကျွန်တော်တို့ ကူညီစောင့်ရှောက်ပေးခဲ့ကြသည်။ ဒီအသင်းတော်ကြီးရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ရတာ ကျွန်တော် ဂုဏ်ယူပါတယ်။
၈။ ကျွန်တော်တို့မှာ သမိုင်းနဲ့နက်နဲရာအချက်တွေ ရှိပါတယ်။ ခရစ်ယာန်ဘာသာတရားကို နှိုက်နှိုက်ချွတ်ချွတ် နားလည် ချင်တယ် ဆိုလို့ရှိရင် သမိုင်းရေးရာ ရှုထောင့်ကို လေ့လာဖို့ လိုအပ်ပါတယ်။ ခရစ်ယာန်ဘာသာရဲ့သမိုင်းကြောင်းဟာ ကက်သလစ်ဘာသာရဲ့ သမိုင်းကြောင်းပဲ ဖြစ်ပါတယ်။ အေဒီ ၁၄၅၀ လောက်ထိ နှစ်ခြင်းတွေ၊ မက်ထရိုဒစ်တွေ၊ ပရက်စ်ဘီတေရီယန်းတွေ၊ အင်္ဂလိကန်တွေ၊ ပင်တီကော့စ်တဲလ်တွေ၊ လူသာရင်းတွေ၊ မောမွန်တွေ၊ ဧဗန်ဂျယ်လီကန် ခရစ်ယာန်တွေ၊ နန်-ဒီနိုမိနေရှင်နယ် ခရစ်ယာန်တွေ၊ စတဲ့ ခရစ်ယာန်ဂိုဏ်းတွေ တစ်ခုမှ မရှိခဲ့ပါဘူး။ ယနေ့မှာတော့ ၂၅၀၀၀ ကျော်သော ခရစ်ယာန်ဂိုဏ်းဂဏတွေ မှိုလိုပေါက်နေပါပြီ။ ဒါပေမယ့် ဒီဂိုဏ်းဂဏတွေမှာ ဘာသမိုင်းကြောင်းမှ မရှိကြပါဘူး။ ကက်သလစ်ဘာသာမှာ ကြွယ်ဝစုံလင်တဲ့ သမိုင်းကြောင်းတွေ ရှိပါတယ်။ ကျွန်တော်တို့မှာ နားမလည်နိုင်တဲ့ နက်နဲရာအချက်တွေ ရှိတယ်။ အဖြေမရနိုင်တဲ့ အကြောင်းအရာ တစ်ချို့ ရှိနေတယ်ဆိုတာကို ကျွန်တော်တို့ လက်ခံနားလည်ပါတယ်။ တစ်ချို့သော အရာတွေဟာ ကျွန်တော်တို့ ဉာဏ်စွမ်းနဲ့ နားလည်နိုင်ဖို့ နက်နဲလွန်းလှပါတယ်။ ဒါဟာ ပြဿာနာတော့ မဟုတ်ပါဘူး။
၇။ ကျွန်တော်တို့မှာ ရဟန္တာတွေ ရှိပါတယ်။ သူတို့ဟာ ခရစ်ယာန်တွေ စံထားထိုက်တဲ့ သူရဲကောင်းကြီးတွေ ဖြစ်ပါတယ်။ သူတို့ဟာ သမိုင်းမှာ ကွဲပြားမှုအရှိဆုံး အစုအဖွဲ့တစ်ခုဖြစ်ပါတယ်။ တစ်ချို့သော ရဟန္တာတွေဟာ ကြွယ်ဝချမ်းသာကြတယ်။ တစ်ချို့ဟာ ဆင်းရဲတယ်။ အချို့ဟာ ပညာတတ်လူတန်းစာ ဖြစ်တယ်။ အချို့ဟာ ပညာမတတ်ကြပါဘူး။ အချို့ဟာ ငယ်ရွယ်နုပျိုတဲ့သူတွေ ဖြစ်တယ်။ အချို့ဟာ သက်ကြီးရွယ်အိုတွေ ဖြစ်တယ်။ သူတို့ဟာ ရာစုနှစ်အဆက်ဆက်မှ သူတွေ ဖြစ်တယ်။ ကမ္ဘာတိုက်ကြီးအသီးသီး၊ နိုင်ငံအသီးသီးက သူတွေ ဖြစ်တယ်။ သူတို့ဟာ သူတို့ခေတ် သူတို့အခါ၊ သူတို့နေရာဒေသမှာ အကောင်းဆုံးဖြစ်အောင် ပြုမှုနေထိုင်ခဲ့ကြတဲ့သူတွေ ဖြစ်တယ်။ အခုချိန်မှာ သူတို့ဟာ ကောင်းကင်နိုင်ငံမှာ စံမြန်းနေကြပါတယ်။ သင့်ကို အားပေးကူညီနေပါတယ်။
၆။ ကျွန်တော်တို့ဟာ ဆုတောင်းခြင်းရဲ့စွမ်းအားကို ယုံကြည်ကြပါတယ်။ နေ့ရက်တိုင်းရဲ့ အချိန်တိုင်းမျာ မစ္ဆားတရားတော်ကို ပူဇော်ဆုတောင်းနေပါတယ်။ ကမ္ဘာတစ်ဝှမ်းရှိ ထောင်သောင်းမကသော နေရာဒေသ အသီးသီးမှာ ကျွန်တော်တို့ရဲ့ မိသားစုဖြစ်တဲ့ ကက်သလစ်အသင်းတော်ကြီးဟာ ကမ္ဘာလောကတစ်ခုလုံးအတွက် ဆုတောင်းပေးနေတာ ဖြစ်တယ်။ ကက်သလစ်တွေ အတွက်ပဲ ဆုတောင်းနေတာ မဟုတ်ပါဘူး။ ကက်သလစ်အသင်းတော်ကြီးက ဆုတောင်းဝတ်ပြုမှုတွေ တစ်ခါမှ မလုပ်ခဲ့ဘူးဆိုရင် ကမ္ဘာ့သမိုင်းကြီး ဘယ်လိုပြောင်းလဲခြားနားသွားမလဲဆိုတာ စဉ်းစားသာ ကြည့်ပေတော့။
၅။ ကမ္ဘာတစ်ဝှမ်းမှာ ရှိတဲ့ ကက်သလစ်ဘာသာဟာ ကွဲပြားမှုမရှိ၊ အတူတူပဲ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ဘုရားဖူးအဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ပြီး အီတလီနိုင်ငံကို ရောက်ခဲ့ပါတယ်။ ဖလောရင့်စ်မြို့ ကက်သီဒြယ်ဘုရားကျောင်းတော်ကြီးမှာ မစ္ဆားတရားကို နာယူခဲ့ကြပါတယ်။ အဲဒီညနေမှာ အီတလီစကားနဲ့ ပူဇော်တဲ့မစ္ဆားတရားကို နာယူခဲ့ရတဲ့ အတွေ့အကြုံကို ပြန်ပြောဖို့ လူတစ်ချို့ကို မေးဖြစ်ခဲ့ပါတယ်။ သူတို့ကို ဒီလိုပြောပါတယ်။ “အီတလီစကားကို မပြောတတ်ပေမယ့် လာတွေ ပြုလုပ်နေတယ် ဆိုတာကိုတော့ ကျွန်တော်သိပါတယ်”တဲ့။ ကက်သလစ်ယုံကြည်ခြင်းဟာ ဘယ်နေရာသွားသွား အတူတူပဲ ဖြစ်တယ်။ ဒါဟာ အသင်းတော်ကြီးရဲ့ လှပသပ္ပာယ်မှုတစ်ခုပဲ ဖြစ်ပါတယ်။
၄။ ကက်သလစ်အသင်းတော်ဟာ လူ့အခွင့်အရေးကို ကာကွယ်တဲ့နေရာမှာ ထိပ်ဆုံးက ရပ်တည်နေတဲ့ အသင်းတော်ဖြစ်ပါတယ်။ ကက်သလစ်ဘာသာဝင်တွေအတွက်ပဲဖြစ်ဖြစ်၊ ဘာသာဝင် မဟုတ်တဲ့သူတွေအတွက်ပဲ ဖြစ်ဖြစ်၊ လူအားလုံးရဲ့ ရသင့်ရထိုက်တဲ့အခွင့်အရေးကို ကာကွယ်ရပ်တည်ပေးနေတာ နှစ်ပေါင်း နှစ်ထောင်ကျော် ရှိနေပါပြီ။ ကက်သလစ်အယူဝါဒဟာ ကိုယ်ကျိုးရှာတဲ့ အယူဝါဒ မဟုတ်ာ ကျိန်သေပါတယ်။။ ဒါဟာလည်း အသင်းတော်ကြီးရဲ့ လှပတင့်တယ်မှုတစ်ခုပဲ ဖြစ်ပါတယ်။
၃။ သင့်ကိုယ်တိုင်ထက် ပိုပြီး ကြီးမားတဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ရပ်တည်ဖို့ လိုအပ်ပါတယ်။ ဘဝဆိုတာ သင့်တစ်ဦးတစ်ယောက်တည်း အတွက် အသက်ရှင်ဖို့ မဟုတ်ပါဘူး။ ဘဝဆိုတာ အခြားသူတွေကို အစေခံဖို့ရန်အတွက် ဘဝမှာ အနစ်နာခံ၊စတေးခံပြီး ဘုရားကို ချစ်ကြောင်း ပြသခြင်း ဖြစ်တယ်။ ငွေကြေးဥစ္စာအတွက် သင့်ဘဝကို စတေးခံ၊ ပုံအပ်နိုင်တယ်။ အားကစားတစ်ခုအတွက် သင့်ဘဝကို ရင်နှီးမြှပ်နှံနိုင်တယ်။ အသက်မွေးဝမ်းကျောင်းတစ်ခုခုအတွက်၊ ကျွမ်းကျင်မှုတစ်ခုခုအတွက် သင့်ဘဝကို အနစ်နာခံနိုင်ပါတယ်။ ကက်သလစ်အသင်းတော်ဟာ ဘယ်လောက်ထိ ဉာဏ်အမြော်အမြင် ရှိပါသလဲ။ အသင်းတော်မှာ ကမ္ဘာပေါ်မှာ အရေးကြီးဆုံးသော သာသနာပြုလုပ်ငန်း မစ်ရှင်ရှိနေပါတယ်။ သင့်ကိုလည်း ဒီလုပ်ငန်းမှာ ပါဝင်ဖို့ အမြဲတံခါးဖွင့်ပြီး ဖိတ်ခေါ်ကြိုဆိုနေပါတယ်။ အဲဒီသာသနာပြုလုပ်ငန်းကို တစ်စိတ်တစ်ဒေသအားဖြင့်လည်း ပါဝင်ကူညီနိုင်ပါတယ်။
၂။ ကိုယ်တော်မြတ် စက္ကရမင်းတူး
ယေဇူးခရစ်တော်ဟာ ကိုယ်တော်မြတ် မုန့်တော်ထဲမှာ အမှန်တကယ် တည်ရှိနေပါတယ်။ ဒါဟာ အတုမဲ့ အနှိုင်းမဲ့တဲ့ ဝိညာဉ်ရေးအစားအစာ ဖြစ်ပါတယ်။
၁။ ဘုရားက ဖိတ်ခေါ်တဲ့အချိန်မှာ မလုပ်ဘူး၊ မလိုက်ဘူးလို့ ဘယ်သူမှာ အဖြေမပေးမှာ မဟုတ်ပါဘူး။ တစ်ခါတစ်လေ ငြင်းလိုက်ချင်တဲ့ အချိန်တွေ ရှိချင်ရှိနိုင်ပါတယ်။ ကျွန်တော် ကက်သလစ်ဖြစ်ရတဲ့အကြောင်းအရင်းတွေကို တစ်နေကုန် ပြောပြနိုင်ပါတယ်။ တကယ်တော့ သင်လည်းပဲ သင့်ကိုယ်တိုင် လေ့လာရှာဖွေပြီး ပြောပြနိုင်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်ရဲ့ အသင်းတော်ကို ချစ်စိတ်၊ မြတ်နိုးစိတ်ကို သင့်ကို ပေးလို့မရပါဘူး။ ပေးလို့ရမယ်ဆိုရင် မေးချင်းတဲ့ ဆန္ဒရှိပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ ကက်သလစ်ယုံကြည်ခြင်းကို သင့်ကိုယ်တိုင် တန်ဖိုးထား ကျင့်ကြံဖို့ပဲ ဖြစ်ပါတယ်။
မှတ်ချက်။ အင်တာနက် စာမျက်နှာ တစ်ခုမှ “ Ten Great Reasons to be Catholic”ကို ပြန်ဆိုသည်။
တောင်ကတုံး(နှင်းပွင့်)