အဘယ်ကြောင့် အသင်းတော်သည် ကွယ်လွန်သူများအတွက် ဆုတောင်းပေးကြသနည်း။
အဘယ်ကြောင့် အသင်းတော်သည် ကွယ်လွန်သူများအတွက် ဆုတောင်းပေးကြသနည်း။
အသင်းတော်သည် ကွယ်လွန်သူ များအတွက်ဆုတောင်းပေးရခြင်းမှာ အသင်းတော်၏ သမိုင်းတစ်လျှောက်နှင့် သမ္မာကျမ်းစာတော်မြတ်၏ အထောက်အထား သာဓကများအားဖြင့်သွန်သင် ဆုံးမလေ့ရှိပါသည်။ အသင်းတော်သမိုင်း နှင့်သမ္မာကျမ်းစာကို တန်ဖိုးထားမြတ် နိုးသူများအတွက်မှာ မေးခွန်းတစ်ခု မဟုတ်ပါ။ လိုက်နာစောင့်ထိန်းအပ်သော သွန်သင်ချက်ပင် ဖြစ်ပါသည်။ ကွယ်လွန်သူများအတွက် မေတ္တာပို့၊ ဆုတောင်းကာ၊ ကောင်းမှုကုသိုလ်များ ပြုလုပ်ပေးခြင်းသည် ဝိညာဉ်သန့်စင်ရာနေရာ သို့မဟုတ် ငရဲငယ်မှဘုရားရှင်ထံတော် ကောင်းကင်သုခဘုံသို့ ပို့ဆောင်ပေးသော အရာပင် ဖြစ်ပါသည်။
ယုံကြည်သူ ဘာသာဝင်တို့သည် ဘုရားသခင်၏ ကျေးဇူးတော်နှင့် မိတ်သဟာယတွင် သေဆုံးသော်လည်း သန့်စင်မှု လုံလောက်ခြင်း မရှိသေးလျှင် သူတို့၏ထာဝရကယ်တင်ခြင်းမှာ အမှန်တကယ်သေချာသော်ငြားလည်း သေဆုံးသွားကြပြီးနောက် သန့်စင်မှုခံကြရဦးမည် ဖြစ်သည်။ သို့မှသာလျှင် ကောင်းကင်နိုင်ငံတော်၏ ပျော်ရွှင်ခြင်းသို့ ဝင်ရောက်နိုင်ကြရန် လိုအပ်သော သန့်ရှင်းစင်ကြယ် ခြင်းကို ရရှိကြမည် ဖြစ်ပါသည်။
အသင်းတော်သည် သေသောသူ တို့အား သတိရဂုဏ်ပြုကာ ဆုတောင်းမေတ္တာများကို ဝတ်ပြုကိုးကွယ်ခြင်းများ တွင်ပို့သပေးကြသည်။ အားလုံးတကာ ထက်မစ္ဆားတရားတော်မြတ်ကို ပူဇော် ခြင်းဖြစ်သည်။ သန့်စင်ခြင်းခံရပြီးနောက် ဘုရားရှင်ကိုဖူးမြင်နိုင်ရန် ဖြစ်၏။ အသင်းတော်သည် သေသူတို့အတွက် ပေးကမ်းစွန့်ကြဲခြင်း၊ အင်ဒူးလ်ဂျင်းသျှား လွတ်ငြိမ်းခွင့်ထူးများ၊ ဒဏ်ဆပ်ဖြေသည့် ဆောင်ရွက်ခြင်းများကို အားပေးတိုက် တွန်းပါသည်။(အခြေခံအယူဝါဒ ၁၀၃၂)
သေသောသူတို့အတွက် ဆုတောင်း ခြင်း အလေ့အထသည် သမ္မာကျမ်းစာတော်မြတ်တွင် အခြေခံထားပါသည်။ ဒု-မက္ကာဘေဦး ၁၂း၄၆ တွင် “သေ ပြီးသောသူတို့၏ အပြစ်မှကယ်ချွတ်နိုင်ရန်အတွက် ဆပ်ဖြေခြင်းနှင့်ဆုတောင်းပေးခြင်းသည် မွန်မြတ်သောကောင်းမှု ဖြစ်ပေ၏” ဟုဖော်ပြထားပါသည်။ ဓမ္မသစ်ကျမ်းစာတော်မြတ်၌ ရှင်ပေါလ်က အိုနေးစိဖိုရုတို့ မိသားစုအတွက် နောက်ဆုံးသော တရားစီရင်ခြင်းတွင် ဘုရားရှင်၏ သနားကရုဏာတော်သက် ရောက်စေရန်ဆုတောင်းပေးခဲ့သည်။ “သခင်ဘုရားသည် အိုနေးစိဖိုရုတို့၏ မိသားစုအပေါ်သနားကရုဏာသက် တော်မူပါစေ။ သခင်ဘုရားသည်နောက် ဆုံးသောနေ့ရက်၌ သူ့အား မိမိ၏ သနားကရုဏာတော်ကို ပေးတော်မူပါစေသော် (တီမောသီဦး ဒုတိယစောင် ၁း၁၆-၁၈)။
ကျွနု်ပ်တို့သည် ထာဝရအသက်တာကို ပိုင်ဆိုင်နိုင်ဖို့ရန် ကျွနု်ပ်တို့၏ ဝိညာဉ်၌ အပြစ်အနာအဆာများအားလုံးကို ဆေးကြောသန့်စင်ရန် လိုအပ်ပါသည်။ သန့်ရှင်းဖြူစင်သောနေရာ၊ သန့်ရှင်းဖြူစင်သည့် ဘုရားကိုဖူးမြှော်နိုင်ရန် ကျွနု်ပ်တို့၏ဝိညာဉ်သည်လည်း သန့်ရှင်းဖြူစင်ရန် လိုအပ်ပါသည်။ ထို့ကြောင့် အပြစ်အနာအဆာနှင့် ငြိစွန်းသော ဝိညာဉ်သည် ဘုရားရှင်၏ နိုင်ငံတော်သို့ဝင်ရလိမ့်မည့်မဟုတ်။ သမ္မာကျမ်းစာတော်မြတ်၌ “စက်ဆုပ်ရွံရှာဖွယ်အမှုတို့ကိုပြုလုပ်သောသူနှင့် လိမ်လည်သော သူတို့သည်လည်း မြို့တော်ကြီး သို့ဝင်ရလိမ့်မည်မဟုတ် (ဗျာဒိတ်ကျမ်း ၂၁း၂၇)” ဟုဖော်ပြထားပါသည်။ ကွယ်လွန်ပြီးသွားသော ပုဂ်္ဂိုလ်များ၏ ဝိညာဉ်များတည်ရှိရာ စစ်ကြောသန့်စင်သည့်နေရာသည် ထောင်နှင့်အလားသဏ္ဌာန် တူပါသည်။ ထောင်ထဲ၌ရှိသော ထောင်သားသည် မိမိ၏ လွတ်မြောက်နိုင်ရေးအတွက် မိမိကိုယ်ကိုမိမိ မဆောင်ရွက်နိုင်တော့ပါ။ ထောင်၏ အပြင်၌ရှိနေကြသော မိသားစုဝင် ညီအစ်ကိုမောင် နှမများ၊ ဆွေမျိုးသားချင်း မိတ်ဆွေများကသာ အမှုကိုလျော့ပေါ့စေရန် ပပျောက်စေရန်သက်သာ လွတ်မြောက်စေရန် ဆောင်ရွက်ပေးနိုင်ပါသည်။
ထို့အတူပင် ကွယ်လွန်သွားကြသော သူတို့ သည် မိမိတို့၏သန့်ရှင်းစင်ကြယ်မှုအတွက် မိမိကိုယ်ကိုမိမိ မဆောင်ရွက်နိုင်တော့ပါ။ သက်ရှိ ထင်ရှားသွားလာ လှုပ်ရှားနေသော မိသားစုဝင်များ၊ ဆွေမျိုးသားချင်း မိတ်ဆွေများကသာ ဆုတောင်းပေးခြင်း၊ မစ္တားတရားတောင်းခံပေးခြင်း၊ စိပ်ပုတီးစိပ်ပေးခြင်း၊ ကောင်းမှုပြုလုပ်ပေးခြင်း ဖြင့် သန့်ရှင်းခြင်းကို အလျင်အမြန် ရနိုင်အောင် ဆောင်ရွက်ပေးနိုင်ပါသည်။
ထို့ကြောင့် ကက်သလစ်အသင်းတော်သည် တစ်ဦးနှင့်တစ်ဦးချစ်ခြင်းမေတ္တာတရားတွင် အခြေခံကာ ကွယ်လွန်သူများအတွက် ဆုတောင်းပေးကြခြင်းပင် ဖြစ်ပါသည်။
စိမ်း(ကလေး)