ကျေးဇူးတရား
ကျေးဇူးတရား
လွန်ခဲ့တဲ့နှစ်တွေကဆိုရင် ကျွန်တော်တို့က အပယ်ခံလူတန်းစားတွေပေါ့။ ဘာဖြစ်လို့လဲဆိုရင် ကျွန်တော်တို့မှာ လူတကာရွံရှာတဲ့ ကုမရရောဂါတစ်မျိုးရှိကြတယ် လေ။ လူတွေကတော့ အဲဒါကို အနာကြီးရောဂါလို့ ခေါ်ကြတယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့က(၁၀) ယောက်တောင်ဗျ။ ကျွန်တော်တို့ ဘဝကို ကျွန်တော်တို့ပဲ နားလည် တာပါ။ တစ်ရက်ပြီးတစ်ရက်သွား ရမယ့်ရက်ကို စောင့်နေရုံကလွဲလို့ ကျွန်တော်တို့ ဘာတတ်နိုင်မှာလဲ။ (၁၀)ယောက်ဆိုတာကို ဂုဏ်ယူရမှာလာ။ ဝမ်းနည်းရမှာလား၊ မသိ တော့ပါဘူးဗျာ၊ တစ်ယောက်ထဲဆို ရင် အထီးကျန်တာနဲ့ အပယ်ခံတာ ခံစားရမယ်။ (၁၀)ယောက်ဆိုပြန် တော့စားသောက်ဖို့ကခက်တာပေါ့။
အဲ့ဒီအချိန်တွေမှာပေါ့။ တစ်ရက် ထုံးစံအတိုင်း ကျွန်တော်တို့တွေ မိုင်တိုင်တိုင် ထိုင်နေတုန်း ကခုန်ချင်စိတ်ဖြစ်လောက်တဲ့ ဆိုင်းမဆင့်ဗုံမဆင့် သတင်းတစ်ခုကြား လိုက်ရတယ်။ အဲ့ဒီသတင်းက သိန်း တစ်ထောင်ထီပေါက်တာထက်တောင် ဝမ်းသာစရာ ကောင်းလိုက်တာများ၊ မေးမနေပါနဲ့တော့ကွာ၊ ပြန်ပြောရတာတောင် ဝမ်းသာနေတုန်းပဲဟာ။ အီစ်္စရာအဲလ် လူမျိုးတွေ ပြောပြောနေတဲ့ ဆေးဆရာဆိုလား၊ ပရောဖက်ဆိုလား၊ တရားဟော ဆရာဆိုလား၊ တန်ခိုးရှိတဲ့ဆရာတစ် ပါးဂျေရုဆလင်မြို့ကို သွားဖို့တို့ရွာကို ဖြတ်သွားလို့ပေါ့။ ဆူညံသံတွေ၊ သြဘာပေးသံတွေက သောင်းသောင်း ဖြဖြနဲ့စတွေ့လိုက်တာနဲ့ကို အားမကိုးဘဲမနေနိုင်အောင် ဖြစ်ခဲ့ရတယ်။
ဒီလိုနဲ့ ဆူညံသံတွေ တဖြည်း ဖြည်းတိုးလာတယ်။ မကြာဘူး ပတ်ဝန်းကျင်တစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်သွားတယ်။ ဒါနဲ့ ကျွန်တော်သိလိုက်ရတာကတော့ အဲ့ဒီ ဆရာကတို့ကိုသနားခြင်း ကရုဏာ မျက်စိနဲ့စိုက်ကြည့်နေတယ်ဆိုတာပဲ။ သူ့ အကြည့်က စူးရှတယ်၊ သာမန်လူနဲ့ မတူဘူး၊ မျက်နှာက တည်ငြိမ်ရင့်ကျက်နေတယ်။ သူ့ အကြည့်က မင်းတို့ကို ငါကူညီမယ် လို့ပြောနေသလိုပဲ။ ကျွန်တော်တို့ လည်း မရှက်နိုင်တော့ဘဲ ပြိုင်တူ အော်မိကြတယ်။ “ဆရာသခင် ယေဇူး... ကျွန်ုပ်တို့ကိုသနားတော်မူပါ” ဆိုပြီး။
အဲ့လိုပြောပြီး သူ့ဆီကအဖြေကို မျှော်လင့်ချက်ကြီးစွာနဲ့ စောင့်နေခဲ့တယ်။ အဲဒီဆရာကတော့ တည်ငြိမ်တဲ့အသံနဲ့ မင်းတို့ကိုယ်ကို ရဟန်းတို့ဆီသွားပြပါတဲ့။ အဲ့ဒီ အချိန်မှာ သူ့စကားကို မယုံကြည်နိုင်တဲ့ သူရှိပါ့မလား။ ကျွန်တော်တို့ သွားပုံက ဆုရမယ့် အပြေးပြိုင်ပွဲကျနေတာပဲ လုလုယက်ယက် သွားနေကြတုန်း၊ တစ်ခုခုကို ကောင်းကောင်းကြီးခံစား လိုက်ရတယ်ဗျ၊ ခန္ဓာကိုယ်တစ်ခုလုံး ပေါ့ပါးလန်းဆန်းလာပြီး ကျန်းမာလာတယ်လို့ ရုတ်တရက်ကြီး ခံစားလိုက်ရတယ်။
ကျွန်တော်သိလိုက်တယ်၊ ဒါဟာ ကိုယ်တော့် တန်ခိုးဖြစ်တယ်ဆိုတာ။ အံ့အားသင့်လွန်းတာကြောင့် ကျွန်တော် ဘုရားရဲ့ဘုန်းဂုဏ်တော်ကို အကျယ်ကြီးချီးမွမ်းရင်းနဲ့ ဆရာသခင်ယေဇူးဆီ ပြန်လာခဲ့တယ်။ ကျွန်တော်လည်းတစ်ခါတည်း သူ့ ရဲ့ခြေရင်းမှာ ပျပ်ဝပ်ပြီး ကျေးဇူးတင်စကားတွေ ဆိုနေတယ်။ ပြီးတော့ သူ့ရဲ့မျက်နှာကြည့်လိုက်တော့ ကျွန်တော်သိလိုက်ပါတယ်။ သူ ဝမ်းနည်းနေတယ်ဆိုတာ။
သူ့ရဲ့ နှုတ်တော်ကနေ ထွက်လာခဲ့တဲ့ စကားတွေကတော့ရင်ထဲမှာ နင့်နေအောင်ခံစားရတဲ့ ခံစား ချက်က ထွက်ပေါ်လာတာ သေချာတယ်။ သူ့ရဲ့ စကားတော်တွေက အံ့သြပြီးဝမ်းနည်းနေကြောင်း အတိုင်းသား သိနေရတယ်။“ပျောက် ကင်းစင်ကြယ်တာ (၁၀)ယောက် မဟုတ်လား၊ ကျန်တဲ့(၉)ယောက် က ဘယ်မှာလဲတဲ့”။ သူ ဆက် ပြောတယ်။ “ဘုရားရဲ့ဂုဏ်တော်ကို ချီးမွမ်းဖို့ လူမျိုးခြား တစ်ယောက်ကလွဲလို့ ပြန်လာတာ တစ်ယောက်မှ မရှိကြတော့ဘူးလား...”။ သူ့ ရင်ထဲကထွက်လာတဲ့ ဒီစကားတော်တွေက သူဘယ်လောက်ဝမ်းနည်းစွာ ခံစားနေရတယ်ဆိုတာ သက်သေခံ နေပါတယ်။
ကျွန်တော်သိလိုက်ပါပြီ။ သူ လိုချင်တာ ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားလေးတစ်ခွန်း ကျေးဇူးသိတတ်တဲ့ စိတ်နှလုံးသားလေးဆိုတာ။ ဒါပြီးတော့ သူကကျွန်တော့်ကို ပီတိအပြုံးတွေနဲ့ကြည့်ပြီး “သင် ထ၍သွားလော့၊ သင်၏ ယုံကြည် ခြင်းသည် သင့်ကိုကယ်တင်လေပြီ” တဲ့။ ဘယ်လောက် ခွန်းအားရစရာ ကောင်းတဲ့ စကားလဲဗျာ ...။
ကျွန်တော်အိမ်မှာလူတန်းစေ့ ပြန်နေရတော့မယ်။ ဝမ်းမြောက်ခြင်း များစွာနဲ့ ကျွန်တော်အိမ်ကို ဦးတည် ခဲ့တယ်။ ခေါင်းထဲမှာတော့ အတွေးတွေ ထောင်ချီနဲ့ပေါ့။ အဓိက ကျွန်တော်စဉ်းစားနေတာက ဒီကနေ့ ကျွန်တော် ရလိုက်တဲ့သင်ခန်းစာတွေ၊ မြင်တွေ့လိုက်ရတဲ့ ကရုဏာအကြည့်တွေ၊ ကြားလိုက်ရတဲ့ နွေးထွေးတဲ့ စကားလေးတွေအကြောင်းပေါ့။ ဒါတွေကို ဒီတစ်သက် ကျွန်တော် မေ့နိုင်တော့မှာ မဟုတ်ပါဘူး။ ကျွန်တော် လက်ဆင့်ကမ်း သက်သေခံဖို့လည်း ဆုံးဖြတ်ထားပါတယ်။
ဒီတော့ နောက်ဆုံးအနေနဲ့ ကျွန်တော်ပြောချင်တာက ကျွန်တော်ဟာ အညတရလူသားထဲက ဆမာ ရိယလူမျိုးတစ်ဦးဖြစ်ပေမဲ့ ဆရာ သခင်ယေဇူးနဲ့ ထိပ်တိုက် တွေ့ဆုံရချိန်ကစပြီး ကျွန်တော့်ဘဝတစ်ခု လုံးမှာ ချစ်ခြင်းမေတ္တာနဲ့အရင်းတည် ပြီးပြောင်းလဲလာခဲ့ပါတယ်။ ကျွန်တော့်ကို ကုသပေးတဲ့ ဆရာသခင်ရဲ့ မျက်နှာကိုလည်း မမေ့နိုင်တော့ပါ ဘူး။ ဒီတော့ ကျွန်တော့်အကြောင်း ရေးထားတဲ့ (ရှင်လုကာ ၁ရး၁၁-၁၉) ကို ဖတ်ပြီး သူအလိုရှိတဲ့ကျေးဇူး သိတတ်သူတွေဖြစ်ဖို့ ကြိုးစားကြပါလို့ ကျွန်တော် တိုက်တွန်းနှိုးဆော် ချင်ပါတယ်။
အိုအေစစ်