“ယေဇူးဆိုတာဘယ်သူလဲ”
“ယေဇူးဆိုတာဘယ်သူလဲ”
လျှပ်စစ်ကျွမ်းကျင်သူဆီကို
“ယေဇူးဆိုတာဘယ်သူလဲ” လို့
ကျွန်တော် သွားပြီးမေးပါတယ်။
“ယေဇူးဆိုတာလောကရဲ့အလင်း ဖြစ်တယ်” လို့ သူက ပြန်ဖြေပါတယ်။
တောလိုက် မုဆိုးတစ်ဦးဆီကို
“ယေဇူးဆိုတာဘယ်သူလဲ” လို့
ကျွန်တော် သွားပြီးမေးပါတယ်။
“ယေဇူးဆိုတာယုဒအမျိုးရဲ့ ခြေင်္သေ့ပျိုဖြစ်တယ်” လို့ သူက ပြန်ဖြေပါတယ်။
မုန့်ဖုတ်သမားဆီကို
“ယေဇူးဆိုတာဘယ်သူလဲ” လို့
ကျွန်တော် သွားပြီးမေးပါတယ်။
“ယေဇူးဆိုတာအသက်မုန့်တော် ဖြစ်တယ်” လို့
သူက ပြန်ဖြေပါတယ်။
ဆေးဆရာဝန်ဆီကို
“ယေဇူးဆိုတာဘယ်သူလဲ” လို့
ကျွန်တော် သွားပြီးမေးပါတယ်။
“ယေဇူးဆိုတာ ကြီးမြတ်တဲ့သမားတော် ဖြစ်တယ်” လို့ သူက ပြန်ဖြေပါတယ်။
ရေပိုက်ပြင် သမားဆီကို
“ယေဇူးဆိုတာဘယ်သူလဲ” လို့
ကျွန်တော် သွားပြီးမေးပါတယ်။
“ယေဇူးဆိုတာအသက်စမ်းရေ ဖြစ်တယ်” လို့
သူက ပြန်ဖြေပါတယ်။
စိုက်ပျိုးရေးသမားဆီကို
“ယေဇူးဆိုတာဘယ်သူလဲ” လို့
ကျွန်တော် သွားပြီးမေးပါတယ်။
“ယေဇူးဆိုတာစစ်မှန်သောစပျစ်ပင်၊ စစ်မှန်သောစပျစ်ရည်ဖြစ်တယ်” လို့ သူက ပြန်ဖြေပါတယ်။
ဆောက်လုပ်ရေးသမားဆီကို
“ယေဇူးဆိုတာဘယ်သူလဲ” လို့
ကျွန်တော် သွားပြီးမေးပါတယ်။
“ယေဇူးဆိုတာထောင့်ချုပ်ကျောက်၊ အခြေခံအုတ်မြစ် ဖြစ်တယ်” လို့ သူက ပြန်ဖြေပါတယ်။
ဥယျာဉ်မှူးတစ်ဦးဆီကို
“ယေဇူးဆိုတာဘယ်သူလဲ” လို့
ကျွန်တော် သွားပြီးမေးပါတယ်။
“ယေဇူးဆိုတာလွင်ပြင်ရှိတောနှင်းပင်၊ ရှာရုန်အရပ်ရှိ နှင်းဆီပွင့် ဖြစ်တယ်” လို့ သူက ပြန်ဖြေပါတယ်။
တံငါသည်ဆီကို “ယေဇူးဆိုတာဘယ်သူလဲ” လို့ ကျွန်တော် သွားပြီးမေးပါတယ်။
“ယေဇူးဆိုတာလူကိုဖမ်းတဲ့ တံငါသည် ဖြစ်တယ်” လို့ သူက ပြန်ဖြေပါတယ်။
အကျဉ်းထောင်ရှိထောင်မှူးဆီကို
“ယေဇူးဆိုတာဘယ်သူလဲ” လို့
ကျွန်တော် သွားပြီးမေးပါတယ်။
“ယေဇူးဆိုတာထောင်ဖောက်ပေးတဲ့သူ ဖြစ်တယ်” လို့ သူက ပြန်ဖြေပါတယ်။
သတ်္တုတွင်းအလုပ်သမားဆီကို
“ယေဇူးဆိုတာဘယ်သူလဲ” လို့
ကျွန်တော် သွားပြီးမေးပါတယ်။
“ယေဇူးဆိုတာအဖိုးတန်ဆုံးသောကျောက်မြတ်ရတနာ ဖြစ်တယ်” လို့ သူက ပြန်ဖြေပါတယ်။
ဆေးစပ်ရောင်းသူဆီကို
“ယေဇူးဆိုတာဘယ်သူလဲ” လို့
ကျွန်တော် သွားပြီးမေးပါတယ်။
“ယေဇူးဆိုတာကုသခြင်းဆီ ဖြစ်တယ်” လို့
သူက ပြန်ဖြေပါတယ်။
သတင်းစာ ထုတ်ဝေသူဆီကို
“ယေဇူးဆိုတာဘယ်သူလဲ” လို့
ကျွန်တော် သွားပြီးမေးပါတယ်။
“ယေဇူးဆိုတာသတင်းကောင်းကို ဝေမျှပေးသူ ဖြစ်တယ်” လို့ သူက ပြန်ဖြေပါတယ်။
သိုးထိန်းသမားဆီကို “ယေဇူးဆိုတာဘယ်သူလဲ” လို့ ကျွန်တော် သွားပြီးမေးပါတယ်။
“ယေဇူးဆိုတာ ကျွန်တော့်ကိုစောင့်ရှောက်တဲ့ သိုးထိန်းရှင် ဖြစ်တယ်” လို့ သူက ပြန်ဖြေပါတယ်။
ရဟန်းတစ်ပါးဆီကို “ယေဇူးဆိုတာဘယ်သူလဲ” လို့ ကျွန်တော်သွားပြီးမေးပါတယ်။
“ယေဇူးဆိုတာပူဇော်ရာယဇ်ကောင်ဖြစ်သလို၊ ရဟန်းချုပ်လည်း ဖြစ်တယ်” လို့ သူက ပြန်ဖြေပါတယ်။
ခေါင်းဆောင်ကြီးတစ်ဦးဆီကို
“ယေဇူးဆိုတာဘယ်သူလဲ” လို့
ကျွန်တော် သွားပြီးမေးပါတယ်။
“ယေဇူးဆိုတာလမ်းပြမြေပုံ၊ မှန်ကန်သောတရား၊ အောင်မြင်ခြင်း ဖြစ်တည်ရာ ဖြစ်တယ်” လို့
သူက ပြန်ဖြေပါတယ်။
ဘုရင်ကြီးတစ်ပါးဆီကို “ယေဇူးဆိုတာဘယ်သူလဲ” လို့ ကျွန်တော်သွားပြီးမေးပါတယ်။
“ယေဇူးဆိုတာဘုရင်တကာတို့ရဲ့ ဘုရင် ဖြစ်တယ်” လို့ သူက ပြန်ဖြေပါတယ်။
မှတ်ချက်။ အင်တာနက် စာမျက်နှာ တစ်ခုမှ ကူးယူ၍ ပြန်ဆိုသည်။
တောင်ကတုံး(နှင်းပွင့်)