Marriage Tribunal Ministry
Marriage Tribunal Ministry
ကလေးသာသနာပိုင် ဆရာတော်ကြီးဖဲလစ်၏ အမြှော်အမြင်ကြီးမားမှူဖြင့် ကလေးသာသနာနှင့် ဟားခါးသာသနာအတွင်း၌ Marriage Tribunal Ministry ရုံးဖွင့်နိုင်ဖို့ရန်အတွက် "Jurisprudence Expert" ဖြစ်သည့် ကျိုင်းတုံသာသနာမှ Rev.Fr.Stephen Ano အား သင်တန်းပို့ချပေးပါရန် ဖိတ်ခေါ်ခဲ့ပါသည်။ ဆရာတော်ကြီး၏ ဖိတ်ကြားချက်အရ Rev. Fr. Stephen Ano သည် ကလေးသာသနာနှင့် ဟားခါးသာသနာရှိ ဆရာတော်ကြီးများနှင့် ဘုန်းတော်ကြီးများအား ဇန်န၀ါရီလ ၂၁ ရက်နေ့ ညနေမှ စတင်ပြီး ၂၃ ရက်နေ့ညနေပိုင်းအထိ ကလေးမြို့ ဆရာတော်ကျောင်းတိုက်တွင် သင်တန်းပေးခဲ့ပါသည်။ အဆိုပါ သင်တန်းတွင် သင်တန်းပို့ချ သူ၏ ကျွမ်းကျင်မှုအားဖြင့် သော်လည်းကောင်း၊ Topic ကိုယ်တိုင်က စိတ်ဝင်စားစရာကောင်းတဲ့အပြင် ဘာသာတူများအတွက် အရေးပါပြီး လက်ရှိ ရဟန်းမင်းကြီး၏ ရည်ရွယ်ချက်အတိုင်းလုပ်ဆောင်ရတာဖြစ်တဲ့အတွက်ကြောင်းလည်း ဘုန်းတော်ကြီးများ စိတ်ပါဝင်စားစွာဖြင့် တက်တက်ကြွကြွပါဝင်ခဲ့ကြောင်း တွေ့ရသည်။ သင်တန်းအပြီး သင်တန်းပို့ချသူအား နှုတ်ဆက်ပွဲတွင် ကလေးနှင့်ဟားခါး သာသနာပိုင်ဆရာတော်ကြီးနှစ်ပါးစလုံးသည် မိမိတို့၏သာသနာများတွင် အမြန်ဆုံး Marriage Tribunal Ministry ဖွင့်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။